ကင်းဖြူလေး မှ ကြိုဆိုပါတယ်.... စိတ်ကူးရသကဗျာများ

Sunday, September 21, 2014

ကိုယ်တိုင်စိုက်ပြီး ကိုယ်တိုင်သီးသော

ချစ်သူ ....
မင်းရဲ့အမုန်းတွေ ငါ့နှလုံးသားကို
မိုးကြိုးအစင်းစင်း ပစ်ခဲ့လည်း
ငါ့ရင်ထဲ လျှပ်စီးတဝင်းဝင်းနဲ့ ချစ်ခဲ့တယ်
မင်းယုံကြည်အောင် သက်သေပြဖို့
အချစ်တစ်ပင်စိုက်
ခပ်မိုက်မိုက်လေးသီးပြလိုက်တယ်
တကယ်ကိုသီးခဲ့တာ
ဒါပေမယ့်
ချစ်သူကပြောပါတယ်
ရှင့်ဟာက ရင်ကွဲသီးကြီးတဲ့……
                              KM..N

*အသည်းကွဲနေသူများသို့*

ကိုယ်အရမ်းချစ်သောကိုယ့်ချစ်သူ
ကိုယ့်ကိုထားသွားတဲ့အခါ
အချစ်ဆိုတဲ့အရာကို
ပြိုင်ပွဲတစ်ပွဲလို့ချက်ချင်းသတ်မှတ်လိုက်ပါ
အဲဒီအခါ
အနိုင်နဲ့အရှုံးလုံးလုံးလျားလျားပေါ်လာပါလိမ့်မယ်
သူနိုင်တယ်လို့တော့မထင်လိုက်နဲ့
သူအရှုံးကြီးရှုံးသွားခဲ့တယ်
because သူ့ကိုအရမ်းချစ်တဲ့လူတစ်ယောက်ကို
သူဆုံးရှုံးသွားခဲ့လို့ပဲ……
                         KM..N

ဆည်းဆာ

နေတစ်စင်းရဲ့ ချစ်ခြင်းသက်သေကို
သူကွယ်ပျောက်ခါနီးဆည်းဆာအဖြစ်
ချန်ရစ်ခဲ့တယ်
လမင်းရယ်…နင့်အတွက်ပေါ့
 [မှတ်ချက်။ ။တွေးစရာပါသည်]
                           KM..N
(မန်းက ချစ်သောသူအတွက်.....)

အချစ်သည်

အချစ်ဆိုတာတစ်ဦးကနေ တစ်ဦးဆီ
နှစ်လုံးသားမှတစ်ဆင့်ကူးဆက်တတ်သော
 ကမ္ဘာအစောဆုံးတွေ ရှိခဲ့သော
တန်ဖိုးအကြီးဆုံးစွမ်းအားတစ်ခုဖြစ်သည်……
                                     KM..N

အချစ်

ဦးနှောက် နှလုံးသား
အသွေးအသား အရေပြားအားလုံးကို
 ဆန္ဒနဲ့အချိုးညီစွာပေါင်းစပ်လိုက်သောအခါ
တစ်စုံတရာ ဖိတ်လျှံကျလာပါလိမ့်မယ်
ထိုတစ်စုံတရာကို ကမ္ဘာဦးမှ
ယနေ့ထိနည်းအမျိုးမျိုးနှင့်ပုံဖော်နေကြသည်
အနီးစပ်ဆုံးထွက်လာသည်
ပုံစံတူထွက်မလာသေး
ထိုအရာမှာအချစ် ဖြစ်သည်……
                                   KM..N

ရင်နှင့်အမျှပါ

ကျွန်တော်တကယ်မြတ်နိုးခဲ့တာ……
အကြောင်းအရာတစ်ခုကို
လွဲမှားသံသယ တွေနဲ့ ပဲ
ရင့်ရင့်သီးသီး စွဲချက်တွေ အထပ်ထပ်…
ရင်နှင့်အမျှမြတ်နိုးခဲ့ရသူပါ
တစ်ယောက်သောသူရဲ့ပျော်ရွှင်ခြင်းဟာ
တစ်ယောက်သောသူရဲ့ငိုကြွေးခြင်းတဲ့…………
( မြင်လှည့်ပါရင်ထဲကငိုကြွေးခြင်းတွေကို)
                     
                            KM..N

တောင့်တမိတယ်

လူရယ်လို့ဖြစ်လာရင်
ဘဝအစကငိုကြွေးခြင်းပေါ့
အဲဒီနောက်မှာက
အချစ်အမုန်းသံယောဇဉ်တွေ
တစ်ခါတလေကျပြန်တော့
မျက်ရည်တွေထက်ရမက်တွေကပိုတယ်
တစ်ခါတလေကျပြန်တော့
ပျော်ရွှင်မှုတွေထက်မျက်ရည်တွေကသာ
နေရာယူတတ်ကြတယ်
အချစ်အမုန်းတွေဘယ်လိုပဲရောယှက်နေပါစေ
အတ္တတွေဘယ်လိုပဲအမြစ်တွယ်နေပါစေ
နွေးထွးမှုနဲ့အေးမြမှုတို့ ရာယှက်နေတဲ့
တစ်ခုတည်းသော
မေတ္တာတရားကိုသာ
ကျွန်တော်တောင့်တနေမိတယ်………
                                  KM..N